What is the primary function of a Mixing Engineer?

Mixing Engineer တစ်ယောက်ရဲ့ အဓိက အလုပ်က ဘာလဲ ?

ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ တော့ Mixing Engineer တစ်ယောက်ရဲ့ အလုပ်ဟာ "နားထောင်ခြင်း" ပါတဲ့

100% ကို မှန်ပါတယ် ကျွန်တော်တို့လူသားတွေရဲ့ ခန္ဓာကိုယ်မှာ မွေးလာထဲက အလုပ်စလုပ်တဲ့ Organ ကိုပြောပါ ဆို "နား" ပါပဲ အဲ့အချိန်မှာ ကြားပဲကြားပြီး နားမထောင်တက်သေးပါဘူး နားထောင်တက်ခြင်းက ကလေးတစ်ယောက်ဟာ အသံလာရာဘက်ကို ခေါင်းပြုတက်ခြင်းဟာ နားထောင်တက်ခြင်းကို Develope ဖြစ်လာတာလို့ ပြောလို့ရပါတယ် ။

ဒီလိုပါပဲ ကျွန်တော်တို့ လူကြီးတွေဟာ ဂီတတွေနားထောင်ခြင်းနဲ့ ပက်သတ်ပြီး ကိုယ်အားသန်ရာ MUSICAL GENER တွေ ရှိတက်ကြပါတယ် POP,Rock,Jazz,Blue,Metal,Hip Hop ....... ဒီလိုအမျိုးအစားတွေကို အကုန်လိုက်ကြိုက်နေလို့ရဖို့ဆိုတာ သာမာန်နားထောင်သူ(စားသုံးသူကြား) အလွန်ရှားပါတယ် ကျွန်တော်တို့ Mixing engineer တွေလဲ လူထဲကလူပဲမို့ အကြိုက်ဆုံးနဲ့ မကြိုက်ဆုံးရှိပါတယ် ဒါဟာ စားသုံးသူအနေနဲ့ သာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အဲ့စိတ်ခံစားမှု သယ်ဆောင်လာလို့မရပါဘူး တူတူပုန်း(ထမင်းငတ်) သွားမယ် နားထောင်းခြင်းမှာ အမျိုးစားများစွာ ထက်ခွဲထုတ်လို့ရပါတယ် ဒါကို ဘိုလိုမှုတ်ရင်

critical listening လို့ခေါ်ပါတယ် အတိုချုံးဘာသာပြန်ရရင် လူတစ်ယောက်က ဘာပြောဆိုနေတယ် ဆိုတာ တိကျစွာ နားလည်ဖို့အတွက် အာရုံစိုက်ခြင်းလို့ ဘာသာပြန်ပါရစေ လူတစ်ယောက်ဆိုတဲ့ နေရာမှာ သီချင်းတစ်ပုဒ်ရဲ့စာသား၊ Guitar Notes ၊ Drum ၊KB၊ BASS စသည်ဖြင့် နားထောင်သူရဲ့အပေါ်မူတည်ပြီး ထက်ကွဲပြန်ပါသေးတယ် ဒါကို player တွေအသိဆုံးပါ အဲ့ထဲမှာမှ

သီချင်းရဲ့ Message လား သီချင်းရဲ့ Hook လား သီချင်းရဲ့ Emotion လား စသည်ဖြင့် ထက်ခွဲနားထောင်လို့ရသလို Mixer တစ်ယောက်အနေနဲ့ သီချင်းထဲမှာ ပါတဲ့ Individual Instrument မှာပါတဲ့ tonal characteristics (wram ဖြစ်တာ Punch ဖြစ်တာ စသည်ဖြင့်) , Space (ကျွန်တော့်ဆောင်းပါ Eqing principal ) , Location စသည်ဖြင့် ထက်ခွဲနားထောင်ရပါတယ် အခုပြောတဲ့ အရာတွေက နားထောင်ဖူးနေကြ Music Gener မှာ လွယ်ကူပေမယ့် မရင်းနှီးတဲ့ Gener ကိုနားထောင်တဲ့အခါ နားထောင်ခြင်းနဲ့ Emotion ဟာ အတူဒွန်နဲ့ ပါလာတာမို့ တော်တော်လေးခက်ခဲပါတယ်

သတိထားမိကြမယ်ထင်ပါတယ် ကျွန်တော်တို့ကို မိဘတွေက ငယ်ငယ်ကဆို ကျွန်တော်တို့ပြောဆိုသမျှ လုပ်သမျှကို အိမ်ရဲ့ဆည်းလည်းသံလေးတွေ လိုတင်စားပြီးချစ်ပေမယ့် ဆယ်ကျော်သက်ရွယ်မှာ ကျွန်တော်တို့ပြောသမျှစကားဟာ နွားခလောက်ကြီးတွေအလားဖြစ်လာပါတယ် (အမေများနေ့ကျေးဇူးဆပ်) ဒါဟာ နားထောင်ခြင်းနဲ့ စိတ်ခံစားမှုဟာ ခွဲခြားဖို့ခက်တယ်ပြောနေတာပါ

ကျွန်တော့်အတွေ့အကြုံ တစ်ခုပြောပြပါရစေ The Peacists တို့ရဲ့ ကြယ်ကမ္ဘာခရီး စဥ် အခွေကို Mix&Master လုပ်ပေးဖို့ အပ်ခံရတုန်းကဆို ကျွန်တော် Demo တွေတောင်းပါတယ် နားထောင်ထောင်ခြင်းပဲ ကျွန်တော်ဟာ Inide တွေကို နားမထောင် မခံစားတက်သေးဘူးတိုတာ ဘူးပေါ်ကိုပေါ်တာပါပဲ အဲ့အတွက် သူတို့ကို အပွင့်လင်းဆုံးပြောပြပြီး indie နားထောင်ရေး တို့အရေး အချိန် ၄ လ ခန့် ယူခဲ့ရပါတယ် Paing Thet Hein က ဆရာ ဒါလေးကောင်းတယ်နားထောင်ကြည့်ဆိုတာတမျိုး အောင်ချမ်းမင်းရဲ့ ကိုLeo ဒီကောင်က အမျောဆိုတာက တစ်မုံ နဲ့ ကျွန်တော့် ကို ဝိုင်းဆုံးမကြပါတယ် အဲ့လိုလုပ်မှ ကျွန်တော် ဟာ Indie Music မှာပါတဲ့ Element တစ်ခုစီကို ချင်းကပ်ပြီး အမိအရ ဖမ်းဆုတ်လို့ရခဲ့ပါတယ် ခေါင်းစဥ်ကိုပြန်ကောက်ရရင် Mixing Engineer တစ်ယောက်ရဲ့ ပင်တိုင်အလုပ်က နားထောင်ခြင်းပါ သီချင်း Track တစ်ခုထည့်လိုက် Eq ထည့် ဂေါက်ဂွက်လုပ်လို့မရပါဘူး ဒါဟာ Begineer တို့ရဲ့ လွဲမှားစွာ လုပ်နေတဲ့အလုပ်ပါ

နားထောင်ပါ သီချင်းနဲ့လူတွေကို ဘာပြောလို့ရမလဲနားထောင်ပါ

မူလပုံဖော်သူ Artist တွေနဲ့တိုင်ပင်ပါ ဒါက ခင်ဗျားကို အတော်တန်လေးကို ခေါင်းစားသက်သာစေပါတယ် 😆😆😆 နောက်တာပါ ငါ့ဟဲ့ Mixing Engineer ဆိုပြီး အတ္တ ထား လို့မရပါဘူး Artist ရဲ့ သွားချင်တဲ့ပုံစံ သူတို့ဘာလာပြောချင်လဲ ဆိုတာလဲ နားထောင်ဖို့ အင်မတန်အရေးကြီးပါတယ်


ညီလေး မိုးထက်နဲ့ စကားပြောပြီး

လက်တန်းခေါင်းထဲပေါ်လာသလိုရေးတာမို့ စာလုံးအထားသိုအစီငေါ့မတည့်ရင် နားလည်ပေးပါဗျ

လက်ရေးတော့လှအောင်ရေးပေးထားပါတယ်

Leo(Micro)