The Glue

1980's ထုတ် SSL တို့ရဲ့ G series မှာ ပါဝင်လာတဲ့ Bus Compressor ဟာ ယနေ့ချိန်ထိ နှစ်ပေါင်း 40 တိုင်အောင် Audio Engineer သမားအများစုရဲ့ ကြား ရေပန်းစားဆဲဖြစ်ပါတယ်။


VCA အမျိုးစား တစ်ခုဖြစ်တဲ့ SSL Bus Compressor ကို Emulate လုပ်လာတဲ့ Plugins များစွာရှိသလို VCA ထဲ တခြားသော နာမည်ကြီး API 2500 , dbx 160 လို ကောင်မျိုးတွေလဲ ရှိပါသေးတယ် ။


VCA ဆိုတာ ဘာလဲ


VCA ဆိုတာဟာ Voltage-controlled Amplifier လို့ ခေါ်ပါတယ် ။

Amplifier တစ်ခုဟာ ဘာကြောင့် Voltage ကို မမြှင့်တင်ပေးပဲ

reduce လုပ်လဲလို့ တွေးနိုင်ပါတယ် ။ ဒါဟာ သူ့မှာပါတဲ့ IC chip ( Integrated Circuit ) ဟာ input Volatge ကိုထိန်းချုပ်ပေးခြင်း ၊ Gain reduction လုပ်ပေးခြင်းအပြင် Colour Less ( Clean ) Compression ကို ပြုလုပ်ပေးနေလို့ဖြစ်ပါတယ် တနည်းအားဖြင့် Amplify လုပ်ဖို့ထက် သူ့ကို Reduce လုပ်ဖို့ အသုံးချနေတယ်လို့ ပြောလို့ရပါတယ်။ ( တချို့တချို့ဟာ VCA သုံးပြီး ဘယ်လို Warmth ဖြစ်တာ ဘယ်လို Colour ဖြစ်တာ မျိုး ပြောလာလျှင် အကျွန်ုပ် Leo micro မှာ ပြုံးရုံမှ တပါး မတက်သာတော့ပါ ဤကားစကားချပ်)

VCA အများစု ကိုတော့ heavy transient တွေ ပါဝင်တဲ့ Drum လိုမျိုး လိုင်းတွေမှာ အသုံးပြုပြီးတော့ သူ့ကို Punch ဖြစ်အောင် နောက် Transprently ဖြစ်အောင်နဲ့ Bus လိုင်းတွေမှာ Bus Compression အနေနဲ့အသုံးပြုကြပါတယ် ။ မိတ်ဆွေကို ထက်သတိပေးရရင် သူ့ကို colour add ( warmth ) ဖြစ်အောင် သုံးလို့မရဘူးဆိုတာ သိကိုသိထားရပါမယ်။

VCA အကြောင်း ကို ဒီလောက်အတိုချုန်းပဲ ရှင်းပြရင် နားလည်မယ်ထင်ပါတယ် ။


THE GLUE

ကျွန်တော်ဟာ Bus Compressor ကို Wave ရဲ့ G bus တစ်မျိုးထဲကို အချိန်တော်ကြာအောင် သုံးဆွဲနေပြီး ဆရာ လမိုင်းသားရဲ့ ​နှုတ်၏ဆောင်မခြင်းနဲ့အတူ Cytomic ကို သိရှိခဲ့ပါတယ်


Cytomic Company


Cytomic ကို တော့ 2007 ခုနှစ်မှာ Andrew နဲ့ Emma တို့ဟာ အသေးစား ဒါမှမဟုတ် Indie Developer အဲ့လို စခဲ့ရာကနေ အခုဆို ဆုပါရပြီး Audio Plugins လောကထဲ ဆရာတစ်ဆူအဖြစ်ရပ်တည်နေနိုင်ပြီဆိုလို့ပြောရင် မှားမယ်မထင်ပါ ။


Cytomic The Glue


Cytomic တို့ရဲ့ The Glue ဟာဆိုရင် 1980's G series မှီငြမ်းတာမဟုတ်ပဲ SSL E -bus ကို Plugins အနေနဲ့ ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ် SSL-E bus လို High Quality Algorithms ကို Circuts simulators နဲ့ ပြုလုပ်ထားတယ်ဆိုပေမယ့် မူရင်း SSL ထက် ပိုထူးခြားနေပြီ ကိုယ်ပိုင် Features တွေနဲ့အတူ VCA ထဲ ကျွန်တော့်အကြိုက်ဆုံး compressor တစ်ခုထဲပါဝင်ပါတယ် ဒါကြောင့်

SSL E bus ကို မှီငြမ်းထားတဲ့ ဒီကောင်လေးဟာ XLogic G seires နဲ့ တော်တော်ကို အသံထုတ်လုပ်မှုပိုင်းမှာ တူနေတယ်လို့ Audio Guru ကြီးတွေက ပြောစမှတ်ပြုကြပါတယ် ။


SSL bus Hardware ဒါမှမဟုတ် တခြားသော Bus Plugins တွေမှာ ရင် Auto Release , Ration ( 2:1,4:1,10:1) Attack တွေဟာလဲ တူညီစွာပါရှိပေမယ့်

The Glue ဟာဆိုရင်တော့ သောက်ကျိုးနဲအောင်မြန်တဲ့ 0.01ms attack နဲ့အတူ Release 0.4,0.8 ပါ ပါဝင်လာပါတယ် မူရင်း SSL ရဲ့ Release time 0.3 ကိုခင်ဗျားအနေနဲ့လိုခြင်ရင်တော့ Cytomic တို့ရဲ့ 0.2 မှာ ထားပေးရပါမယ် ။ ဒီလောက်ပါရုံနဲ့ သူ့ကိုကျွန်တော့်အကြိုက်ထဲ ပါစေတာမဟုတ်ပေမယ့် သူ့မှာပါတဲ့ Side Chain Filter ( HP) ဟာ ကျွန်တော့်အတွက် Low End Instrument တွေ ကို Bus ပေးခြင်း ၊ ဒါမှမဟုတ် Pump ဖြစ်နေတဲ့ Transient တွေမှာ Low- End ကို အကောင်းဆုံးထိန်းချုပ်နိုင်စွမ်းလဲရှိနေတာက ကျွန်တော့်ကို အကြိုက်တွေ့စေတာပါ ။


ဒီဆောင်းပါကို 21.4.2021 မှာ ရေးထားပေမယ့် ဘေးတစ်စောင်းသွားတဲ့ ခွေးသတောင်းစားတွေကြောင့် စိတ်ထဲမတင်ချင်လို့ သိမ်းထားတဲ့ဆောင်းပါတွေထဲတစ်ပုဒ်ဖြစ်ပါတယ်။ ဒီ ဆောင်းပါတင်တဲ့ချိန်မှာ မူရင် SSL BUS 2 မှာလဲ Cytomic လို HP Filter အပိုထည့်ပေးလာပေမယ့် သူ့ရဲ့ Emulation ဟာ ကျွန်တော့်အကြိုက်မတွေ့လို့ စမ်းသက်ပြီး ပြန်တောင် Uninstall လုပ်ထားတယ်ဆိုတဲ့အကြောင်းပြောရင်း ဒီနေ့တော့ဒီမျှသာ