How to practice?



Mixing Engineer တစ်ယောက် အတွက် နား ကို ဘယ်လို လေ့ကျင့်သလဲ ? 


ဒီမေးခွန်းက တော်တော်များများ မေးလေ့မေးထ ရှိတဲ့ မေးခွန်းပါ တစ်ချို့ဆို Compressor Gain Reduction  ကို ဘယ်လို နားထောင်မလဲပေါ့ ဒါမျိုး သံတူကြောင်းကွဲ မေးခွန်းလေးတွေရှိတယ် ။


အဲ့တော့  Mixing Engineer တစ်ယောက် နားလေ့ကျင့်တာ မကျင့်တာ အသာထား Mixing Engineer တစ်

ယောက်ရဲ့ အလုပ်က ဘာလည်း ဆိုတာလေး ယေဘူယျ အားဖြင့် သိသွားအောင်  ကျွန်နော်ရေးပေးထားတဲ့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်ပါ  ဖတ်ရန်



ပထမ ဆုံး ပြောချင်တာက Engineer တစ်ယောက်နဲ့ တစ်ယောက် နဲ့ အလုပ်အတွက် ပြင်ဆင်တာချင်းလုံးဝ မတူသလို လေ့ကျင့်ပုံနည်းလေးတွေ ကွာကြပါတယ် ဒီမှာပြောပြမယ့် နည်း၊စနစ်၊အကြောင်းအရာ အားလုံးဟာ ကျွန်တော့် တစ်ကိုယ်စာ အတွက် ကျွန်တော့် အမြင် ရှူ့ထောင့်ကနေရေးပေးသွားမှာပါ 


၁. Mixing Engineer တစ်ယောက်ဖြစ်ဖို့ဆို အရေးအကြီးဆုံး အချက်က Instrument တစ်ခုခုကို အတိုင်းတာ တစ်ခုထိ တီးကို တီးတက်ဖို့အရမ်းလိုပါတယ်။ ဘာကြောင့်လည်းဆို Instrument တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် တီးတက်ခြင်း အားဖြင့် Timing, Tuning, Phrasingနဲ့ timbre အကြောင်း တွေနားလည်လာမယ် ဒါတွေကိုနားလည်ချင်းအားဖြင့် Mixing ဆွဲတဲ့နေရာမှာ Drummer ရဲ့ Timing out ခြင်း , တခြား Plyaer တွေ ရဲ့Tuning မမှန်ခြင်း ဒါတွေ ဖြစ်လာရင်/ဖြစ်နေရင် အလွယ်တကူ Editing လုပ်လို့ရပါမယ် 

ဘာမှ မတီးတက်/ Timing နဲ့ ဝင်အောင်မတီးတက်သူဖို့ ဒီ Groove တွေက Timing Out နေ လား မ Out ဘူးလား ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး ဒါကြောင့် Instrument တစ်ခုကို ကောင်းကောင်း တီးတက်ဖို့က လိုပါတယ် (မတီးတက်ရင်ရော ဆွဲမရဘူး ရပါတယ် ၊တီးတက်တဲ့သူ ထကိတော့ နောက်ကောက်ကြနေမှာအမှန်ပါပဲ) ၊အဲ့တော့ လက်လှမ်းမီတဲ့ Guitar or Piano တစ်ခုခုရွေးချယ်ပြီးသင်ပါ 


၂ . သီချင်းများများ Produce လုပ်နိုင်အောင် /လုပ်ဖြစ်အောင်လုပ်ပါ ) 


ကျွန်တော့် Mixing လေ့ကျင့်တဲ့ ကာလတွေမှာ အလုပ်အများဆုံးကတော့ သူငယ်ချင်းတွေရဲ့ သီချင်းတွေ ဝိုင်းပြီး Produce လုပ်ပေးတာပါ သီချင်း Genre တစ်ခုနဲ့တစ်ခုရဲ့ Style တွေ ပါဝင်တဲ့ layer တွေ Element တွေ အကြောင်း ကို ဒီလို သီချင်းတွေ Produce လုပ်ခြင်းကပဲ ကျွန်တော့်ကို Instrument တွေအကြောင်း၊ Fx Colour တွေအကြောင်း တစထက်တစ ပိုပိုပြီး သိလာစေတာပါ အဲ့က ရလာတဲ့ အသိဗဟုသုတတွေက သူများသီချင်းကို Mixing ဆွဲတော့မယ့်အချိန် ဘယ်နားကို ဘာလုပ်လိုက်မယ် ဘယ်နားမှာ ဘာလေးထက်ဖြည့်မယ် စတာတွေအတွက် idea ရစေပါတယ်။ Produce လုပ်မယ်ဆို ရင်တော့ Instrument ကတော့ တီးကိုတီးတက်ရတော့မှာပါ ။


၃.Reference Track ကို စုဆောင်းပါ ၊အချိန်များများနားထောင်ပါ။ 

ကျွန်တော့်မှာ ဆို ပြည်တွင်းပြက စီနီယာ၊ဂျူနီယာ ညီကိုတွေရဲ့ Track တွေကအစ Refernce Track အဖြစ်ထားပါတယ် ။ နာရီပေါင်းများစွာ နားထောင်ပါတယ်၊ ဒီလိုလုပ်ခြင်း က သူတို့ရဲ့ သီချင်းတစ်ပုဒ် ဖန်တီးမှု အဆင့်ဆင့်ကို မသိရသိတိုင်အောင် 

ကျွန်တော့်နား အတွက် ဗဟုသုတ တွေ ပိုတိုးစေပါတယ် ၊ IDEA ကောင်းတွေရစေပါတယ် ။


အထိရောက်ဆုံး လေ့ကျင့်နည်း


ဘယ်တော့မဆို အခုမှ စလေ့ကျင့်သူများ လေ့ကျင့်ဆဲ သူများက ဒီလိုလေးသတ်မှတ်လိုက် ကိုယ့်ကိုကိုယ် Level 1 , Level 2, etc......

အဲ့တော့ LEVEL အနိမ့်ဆုံးမှာ track 4 Track နဲ့ ပဲစဖို့ အကြံပေးပါတယ် LINE အများကြီး နဲ့ သပွတ်အူလို ဘယ်ကစရမယ်မှန်း မသိတဲ့ သူတွေအတွက်မှာ 

1 lead vox 

2.piano

3 string or Pad

4 Acoustic Guitar / Bass Guitar 

ဒါမျိုးလေးတွေကို အရှင်းလင်းဆုံးနဲ့ အသပ်ရပ်ဆုံးဖြစ်အောင် လေ့ကျင့်သင့်ပါတယ်။

ဒီလိုကတော့ 4 Tracks,8,12,18....... စသည်ဖြင့်ပေါ့လေ လိုင်းတွေ တိုးတိုးပြီး ပုံမှန်လေး လေ့ကျင့်သွားပါ ဒီနေရာမှာ ဘုရားကျောင်းနဲ့ ရင်နှီးသူတွေကGospel Song တွေ နဲ့ လေ့ကျင့်ပေါ့ ပိုထိရောက်တယ် (ဘာလို့ဆို ဘုရားကျောင်းတွေမှာ ဝင်တီးနေတဲ့ Player တွေအများစုက Semi-Pro , Pro Level တွေမို့ RAW တွေက ပိုမိုသေသပ်ပါမယ် ဒီနေရာမှာ မှတ်ထားရမှာက 

Recording ကောင်းမှ Mixing ကောင်းမယ် Mixing ကောင်းမှ Mastering ကောင်းပါမယ်

သီချင်းကောင်တစ်ပုဒ်ရဖို့ဆိုတာ အားလုံး Perfect ဖြစ်ဖို့ဆိုတာ ပါဝင်သူအားလုံးရဲ့ Skill နဲ့ဆိုင်ပါတယ် တစ်ယောက်ကောင်းမရပါဘူး ။


နောက်ဆုံးပိတ်ပြောချင်တာက လေ့လာပါ ၊စာများများဖတ်ပါ၊ ကိုယ်သိထားတာကို Sharing လုပ်ပါ၊ အဆက်မပြတ်လေ့ကျင့်ပါ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ သူဟာ ၂၄ နာရီပတ်လုံး လည်နေမှာမို့ ရပ်တန့်နေသူသာ ကျန်ခဲ့စမြဲပါပဲ၊အတက်ပညာ ၊ အသိပညာ၊ နည်းပညာ စတာတွေ ကို လေ့လာသူဖို့ ရဲ့ အစဟာ မသိခြင်းနဲ့ စပါတယ် 

မသိတာက ရှက်စရာမဟုတ်ပါဘူး ကိုယ်တကယ်မသိခြင်းကို ကိုယ်တိုင်မသိတာက ပြသနာပါ ၊ ကျွန်တော်လည်း ကြိုးစားဆဲပါ။ 

ခင်ဗျားတို့ရဲ့ 

Leomicro

3.2.2023