May. 28, 2020

Eqing Principles ( The End)

Rule of Hpf

ကျွန်တော်တို့ရဲ့ Mixing မှာ Instrument တွေ တစ်ခုနဲ့တစ်ခု conflicting ဖြစ်ခြင်းရဲ့ အကျိုးဆက်ကြောင့် ကျွန်တော်တို့ ရဲ့ Mixing မှာ Muddy ဖြစ်နေတာကို Mixing လုပ်တဲ့အချိန်တော်တော်များများမှာ ကြုံဖူးမှာပါ ၊ ဒီ စိတ်ပျက်ဖို့ကောင်းတဲ့ ပြသနာရဲ့ မူလဇစ်မြစ်ကို ပြောပါဆို အဖြေကတော့ 20Hz to 400 Hz အတွင်းလို့ပဲဖြေပါရစေ ဘာကြောင့်လဲ ? ရှင်းပါတယ် ကျွန်တော် တို့ရဲ့ နားတွေဟာ 20 Hz to 400 Hz ကို details ကြားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒါကြောင့်မို့လဲ တချို့သော Engineer တွေက Woofer တွေခံထားကြတာပါ ဒါပေမယ့် စိတ်မပူပါနဲ့ Fabfiler Q3 လိုကောင်မျိူးဆိုမှာ Solo ပေးပြီး နားထောင်လို့ရပါသေးတယ် ဒါက Eqing အခြေနေမှာပါ Overall တစ်ပုဒ်လုံးကို ချုံငုံပြီး နားထောင်မယ်ဆိုရင်တော့ woofer လိုလာပါလိမ့်မယ် ထားပါတော့ ​စကားပြန်ကောက်ရရင် လက်ရှိ ကိုယ်Eqing လုပ်နေတဲ့ Instruments ( or ) Sound မှာ 20Hz to 400 Hz အတွင်း အလုပ်လုပ်သလား အသံပါလားပေါ့ဗျာ ပါမပါစစ် မပါဘူးဆို Hpf သုံးသွားဖို့ အကြံပေးပါရစေ ဟိုတလောက SSL Plug-ins Only နဲ့ Green Day တို့သီချင်း ကို Live Mixing လုပ်တုန်းက ကျွန်တော် Low End တွေဘယ်လို ကိုင်တွယ်လဲဆိုတာ ပြောပြတုန်းက ကြည့်ရတဲ့ညီကိုတွေဆို သိမှာပါ မကြည့်ရသေးရင် Others ခေါင်းစဥ်အောက်ထဲမှာ Free Tutorial ဆိုတာရှိပါတယ် ဝင်ကြည့်ပါ..... Rule of Hpf ရဲ့ အနှစ်ချုပ်ကတော့ Kick,Snare,Bass မဟုတ်ခဲ့ရင် 300hz around ထိ ကို Hpf သုံးကြည့်ပါ အဲ့လို သုံးချင်းအားဖြင့် ကိုယ့်ရဲ့ Mixing Balacing % ဟာ အနဲနဲ့အများ balance မျှလာတာ တွေ့ရပါလိမ့်မယ် အကယ်၍ ဒီ Rang ကို Cut မလုပ်ချင်ရင်တောင် Dyn-Eq တစ်ခုခုနဲ့ Side-Chain သုံးဖို့အတွက် အကြံပေးပါရစေ။

Cut with Narrow Q

အရင် Part3 မှာ Wide Q 1st ဆိုတာလေး မှတ်မိဦးမှာပါ အခုတစ်ခါတော့ Narrow Q ပေါ့ Wide Q 1st တုန်းက bandwidth ကျယ်တဲ့အတွက် ကိုယ်မလိုချင်တဲ့ Hz ကိုရှင်းထုတ်ဖို့ အတွက် တနည်းအားဖြင့် subtractive ထက် additive မှာ ပိုအသုံးဝင်တယ် ၊ တကယ်တမ်း subtractive eqing မှာ narrow q က အကောင်းဆုံးပါပဲ ဘာလို့ narrow q လဲ ? ဒီလိုဗျာ ကျွန်တော်တို့ စားမယ့် အသီး ဥပမာ သရက်သီးပေါ့ဗျာ အဲ့အသီးပေါ်မှာ အနာပါနေတယ် ဆိုပါစို့ ပါတဲ့နေရာကိုပဲ လှီးထုတ်မှာလား တစ်ခြမ်းလုံးလှီးထုတ်မှာလား ပါတဲ့နေရာပဲလှီးထုတ်မှာပေါ့ အရသာရှိတဲ့အပိုင်းတွေ ဘယ်လွှင့်ပစ်ချင်ပါ့မလဲ ဒီအတိုင်းပါပဲ Wide qနဲ့ subtractive သွားလုပ်မယ်ဆို conflicting frequency တွေအပြင် လိုအပ်တာတွေပါပါသွားနိုင်ပါတယ် အဲ့အခါကြရင် ကိုယ့်ရဲ့ element ဟာ thin ဖြစ်သွားပြီး Balacing မမျှတာတွေ focal points မရှိတာတွေ အဲ့ဘက်တွေကို ဦးတည်သွားနိုင်ပါတယ် အဲ့အတွက် Q ကို အကျဥ်းဆုံး ထားပြီး +10db လောက်ထိ Boost လုပ်ကြည့်ပါ ပြီးရင် ဘယ် frequency hz ကိုမလိုချင်တာလဲ ဆိုတာ knob ကိုလှည့်ရှာပေါ့ အဲ့အချိန် ringing sound တွေ ကြားရမယ် အဲ့ထဲကမှ ကိုယ့်ကို annoys ဖြစ်စေတဲ့ hz ဒါမှမဟုတ် conflict ဖြစ်နေတဲ့ hz ကို -6db လောက်ထိ cut လုပ်ကြည့်ပါ

ဘာကြောင့် -6db လဲ ?

ကျွန်တော် 6db rule ဆိုတာကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ အတိုချုံးပြောပြရရင် လူတွေရဲ့နားဟာ 6db Increase ဒါမှမဟုတ် Decrease ဖြစ်သွားတဲ့ အသံကို ကျွန်တော်တို့ရဲ့ ဦးဏှောက်က ချက်ခြင်း respond လုပ်ပါတယ် အဲ့အတွက် ဒီ -6db Cut လုပ်တဲ့ range ဟာ လေ့ကျင့်တဲ့အချိန် မှာလုံးဝ မများတဲ့ range တစ်ခု ပါပဲဗျ။

Front and Back

လာပါပြီး ရေးနေတဲ့ အကြောင်းရင်း အဓိက ပေါ့

Instrument တစ်ခုကို Front မှာထားမလား Back မှာ ထားမလား ဆိုတာဟာ အရင်ရှေ့မှာ ရေးပေးခဲ့တဲ့ အရာတွေနဲ့ ယှဉ်တွဲပြီး လုပ်ဆောင်ရပါမယ် Volume အနဲများ Rev အနဲများ High Frequency Contant အနဲများ နောက်ပြီး 4 Zone Mix Theory ကို ပူးတွဲ လုပ်ဆောင်ပြီးတဲ့အပြင် အခုဖေါ်ပြမယ့် နည်းနဲ့ထက်ပေါင်းလုပ်ဆောင်ရပါမယ် အဲ့တော့ ကျွန်တော် အရှေ့က ရေးထားတာ တာတွေဟာ ကျွန်တော့် အတွေ့အကြုံအရ ရော ဖတ်ထားတဲ့ စာတွေ အရရော သင်ခဲ့တဲ့ ဆရာတွေရဲ့ အတွေ့ကြံုတွေ စတာတွေကို အတိုချံုးပြီးရေးပေးထားလိုပြောရမယ်ဆို အနှစ်လေးတွေပါ ကျော်ပြီး မဖတ်စေချင်ဘူး

အခူပြောမယ့်နည်းကတော့ 4 zone Mix ကို သိမှပဲ အဆင်ပြေမှာပါInstrument တစ်ခူ ဒါမှမဟုတ် Vocal ကို Front မွာထားမယ်ဆိုQ သည် 1 မှာပဲရှိရမယ်+4db Boost လုပ်ရမယ်Instrument တစ်ခူ ဒါမှမဟုတ် Vocal ကိုBack မွာထားမယ်ဆိုQ သည် 1 မှာ ပဲရှိရမယ် -6db Cut လုပ်ရမယ်ဒါလေးပါပဲ ကြိုးစားပြီး လုပ်ကြည့်ကြပါ အဲ့တော့ ကျွန်တော်က Mixing ဆွဲတဲ့ အခါ Eq တွေကို အဆင့်ဆင့်သုံးတဲ့ အခါ အခါတွေလဲ ရှိတယ် မလိုတဲ့အသံတွေဖြတ်ဖို့ နောက်တစ်ခါ လိုချင်တဲ့ အသံ Colour တွေ ရအောင်လုပ်ဖို့ နောကိဆုံးမှာတော့ အပေါ်ကသုံးထားသမျှ တွေထဲက အသံတွေထဲ Honky တွေ Muddy တွေရှာဖျက်တယ် များသောအားဖြင့် Honky ကို ရှာပြီး ဖျက်လေ့ရှိတယ် သူ့အသံဟာ အရမ်း ဆူးဆူးဝါးဝါးဖြစ်တယ်လို့ယူဆလို့လိုင်းပေါင်းများစွာ Honky တွေများလာမယ်ဆို Master ရောက်ရင် ကွီးနေထူးနိုင် ဘာသာ၁၇ မျိုးနဲ့ လေချွန်သလို အသံတွေပါလာနိုင်ပါတယ် ။ ကဲ Eqing Principles ဆိုတဲ့ ဆောင်းပါကတော့ ဒီတင်ပဲပြီးဆုံးပါပြီ အပတ်စဥ်စောင့်ပြီးဖတ်ပေးကြတဲ့ ညီကိုတွေ ကိုအများကြီး ကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲ

Author - Leo micro