Mixing with AI

နောက် ဆယ်စုနှစ် အတွင်းမှာ

2060 အကျော်လောက်မှာပေါ့ (maybe 😅) အဲ့ထက်စောရင်လည်း စောနိုင်တယ်

Mxing & Mastering ဟာ အလုံးစုံ AI နဲ့ Run လို့ရတဲ့အဆင့် ထိဖြစ်လာလိမ့်မယ် ဆိုလိုတာက တနေရာရာမှာ Record လုပ်ပြီးရင် Software ထဲ သက်ဆိုင်ရာ Track တွေ သူတို့ပေးထားမယ့် Template တွေထဲ ထည့်ပေးပြီး Run တာမျိုးတွေ ဥပမာ IK ရဲ့ lurssen လိုပေါ့ Stereo Track ထည့်ပေးလိုက်ရင် Auto Mastering လုပ်ပေးတဲ့ ကောင်မျိုးပေါ့ Mixing အတွက်လည်း အခုချိန်မှာ လုပ်ကောင်း လုပ်နေနိုင်ပြီ ဘာလို့အဲ့လိုပြောလည်းဆို Compressor တစ်ခုက အလုပ်လုပ်ချိန် သူ့အမျိုးစားအလိုက် ​မတူညီတဲ့ရလဒ်တွေ Tube ကြောင့်

​Transofmer ကြောင့် စသည့်ဖြင့် ထွက်လာတဲ့ THD , THD+N စတာ တွေကို Music အမျိုးစားလိုက် စနစ်တကျ

research လုပ်တဲ့ထား papers 200?( မမှိတ်မိ) -2016 ထိ ကျွန်တော်ဖတ်ခဲ့တုန်းက ဒီ Data အချက်လက်တွေကို Software တွေမှာ ပြန်သုံးနေကြမှန်းသိခဲ့ရတယ်

ဆိုတော့ Software တွေက တနှစ်ထက် တနှစ် ပိုပိုကောင်းလာတာ ငြင်းမရဘူးဗျ ကျွန်တော်ဆို Anti-AI လို့ပြောလို့ရတယ် ဒါပေမယ့် လည်း AI တွေကောင်းလာတာကို အသိမှတ်ပြုရတာပဲလေ။

အရင်က Tape နဲ့ဖမ်းခံရတဲ့ သင်ဆရာ မြင်ဆရာတွေလည်း ကျွန်တော့်အကောင့်ထဲမှာ ရှိပါတယ်၊ ဆရာတို့ရော တွေးဖူးလား အဲ့အချိန်တူန်းက 2/ 4 Track လောက် နဲ့ လိုင်းတွေပေါင်းဖမ်းနေရချိန် Track 32 ထိ တပြိုင်ထဲဖမ်းလို့ရရင် သိပ်ကောင်းမှာပဲလို့ ၊ ဒါပေမယ့် ကျွန်တော်တို့ အခုခေတ်မှာရနေပြီလေ မလွယ်သွားဘူးလား သိပ်လွယ်သွားပြီ ဆရာတို့ ခေတ်ကလို ငွေကုန်ကြေးကြလည်း မများတော့သလို ကျွန်တော်တို့ လည်း Tape ဖြတ် Edit လုပ်တာ မသိလည်း အသံဖမ်း Mixing ဆွဲလို့ရတဲ့ခေတ် ဖြစ်လာပြီ

အဲ့အကြောင်းတွေ လုံးလုံး မသိတဲ့သူတစ်ယောက်ရှိရင်လည်း သူ့အပြစ်မဟုတ်တော့ဘူး ခေတ်အခြေနေကိုက ဖန်တီးပေးနေပြီ

2060 လောက်ဆိုရင် AI တွေ နဲ့ Mixing ဆွဲတာက

တကယ်ကို ကောင်းကောင်းမွန်မွန်လည်းဖြစ်နေလောက်ပြီ ပြောရမယ်ဆို လူနဲ့ Mixing ဆွဲရတာထက် ပိုမြန်မယ်

အချိန်မှန်မယ် ငွေကုန်ကြေးကြ နဲမယ်ဆိုတော့ မဖြစ်မနေ လူနဲ့လုပ်မှရမယ် ဒါမှမဟုတ် လူတွေ Mix တာပဲ တန်ဖိုးထားတယ်ဆိုတာမျိုး၊ ကြိုက်တယ်ဆိုတာမျိူး ၊ လူတွေလောက်ကြားမှာ ပဲ လူတွေစီ အပ်တဲ့ အလေ့ထ ကျန်တော့ မှာ ဘာလို့ဆို ဒီခေတ်ချိန်ဘယ်သူမှ Tape ကြီးတွေနဲ့ ထဖမ်းမနေတော့ဘူးလေ 😂

အဲ့ချိန်မှာ သူတို့လည်း AI တွေနဲ့ပဲ သွားကြမှာ

နောက်တစ်ခု ဆက်ဆက် စဥ်းစားရမှာက ခေတ်ရေစီးကြောင်းအရ ထက်ထက်ပေါ်လာတဲ့

Music တွေ အတွက်ကရော AI တွေကလည်း Ready ဖြစ်နေပြီလား ဆိုရင် ကျွန်တော်က ဒီအချက်လေး နဲ့ သတိထားမိတယ်

Comp တွေ research လုပ်တဲ့ Paper "နိဒါန်းမှာ ဘာရေးထားလည်းဆို ခေတ်ရေးစီးကြောင်းအရ ပြောင်းလည်းလာတဲ့ Music Trem နဲ့အတူ အတူတူ ယှဥ်တွဲပြီး ခွဲမရအောင် ပါလာတာက Compressor ရဲ့ အရေးပါတဲ့ ကဏ္ဏပါပဲ " တဲ့

ဆိုလိုတာကဗျာ အရင်တုန်းက သီချင်းတွေထက် အခုခေတ်သီချင်းတွေ Timing ပိုမြန်လာကြသလို

Drum Pratten အရ လည်း Timing အစိပ်တွေ သုံးလာကြ ပြောင်းလည်းလာကြတဲ့အပေါ်မှာ ထွက်ပေါ်လာမယ့် Dynamic Range တွေဟာ လုံးဝ မတူညီတော့ဘူးလေ

အဲ့အတွက်လည်း Dynamic Range တွေ Control လုပ်တဲ့ Compressor ကလည်း ခေတ်အဆက်ဆက်အရေးကြီးနေဦးမှာပါ ပေါ့ အပေါ်က စကားပြန်ကောက် ရရင် AI တွေက တကယ်ကြီးကို Music Genre အနောက်ကောင်းကောင်းမွန်မွန်လိုက်နိုင်မှာပါလို့ကျွန်တော်က မြင်တယ် ။

နောက်ဆုံးအနေနဲ့ ပြောရရင် 2060 လောက်မှာ Mixing & Mastering တွေကရော အလုံးစုံ AI ဘက်ကို မှီခိုကြနိုင်ချေပိုများလာပြီး Digital အသံတွေနဲ့ရင်းနှီးကြီးပြင်း လာကြတဲ့ နောက်မျိုးဆက်တွေကြား Analog အသံလေးမှ ပိုမိုက်တာလို့ ငြင်းမယ့်သူတွေလည်း သက်ရှိထင်ရှား ရှိချင်မှာပါ ။

ဒီ ဆောင်းပါး က ကျွန်တော့် ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်ပါတယ်

Mixing With Leo(Micro)