𝙴𝚚𝚒𝚗𝚐 𝙿𝚛𝚒𝚗𝚌𝚒𝚙𝚕𝚎𝚜 ( 𝙿𝚊𝚛𝚝 𝟸)
Eq ဆိုတာ ?
Eq ဆိုတာ ပန်းပု ပညာရှင်တွေ ဟာ သစ်သားတုန်းတစ်တုန်းကို သူတို့လိုချင်တဲ့ပုံ သူတို့လိုချင်သလို ပုံဖော်တဲ့အခါ အသုံးပြုတဲ့ ဆောက် နဲ့အတူတူပါပဲ အဲ့တော့ EQ ဆိုတာ ကျွန်တော်တို့Presentation လုပ်ချင်တဲ့ Instrument တွေ အသံတွေ
ကို ပုံဖော်ပေးမယ့် ကရိယာ တစ်ခုပါ၊
Instrument တစ်ခုဟာ Muddy ဖြစ်နေမယ် ဒါမှမဟုတ် Bassy ဖြစ်နေမယ် ဒါမျိုး မှာ Eq ကိုသုံးပြီး imbalance တွေကို ရှင်းထုတ်လို့ရပါတယ်၊
အဲ့တော့ Eq ကို သုံးရမယ့်အကြောင်းရင်း ၂ ချက်တော့ပေါ်လာပြီ
(သင်တန်းမှာတော့ ကျွန်တော် ၉ ချက်သင်ပေးတာမှတ်မိမယ်ထင်ပါတယ်) ဒီမှာတော့ ပေရှည်မှာဆိုးလို့နှစ်ချက်ပေါ့
1 Instrument တွေ Sound တွေကို ပုံဖော်ဖို့
2 Instrument တွေ မှာရှိတဲ့ Balance တွေကို Control လုပ်ဖို့ဆိုပြီးသိထားရပါမယ် ။
Instrument တွေကို လိုချင်တဲ့ အသံ Balance ရဖို့နဲ့ Front / Back လုပ်တဲ့ခါ လုပ်ဆောင်ရမယ့် အရာနှစ်ခုရှိပါသေးတယ် ၊
1 Cutting Eq (Subtractive )
2 Boosting Eq ( Additive )
အဲ့တော့ ကျွန်တော်တို့ Eq နဲ့Instrument တွေကို လိုသလို ဖန်တီးမယ်ဆိုတာထက်ကို အရင်ဆုံး Front / Back သီအိုရီနဲ့စလေ့ကျင့်ဖို့မှာချင်ပါတယ် ၊ အခုအောက်မှာ ထက်ဖော်ပြပေးမယ့် အရာတွေ ကို သေချာ မှတ်ထားစေလိုတယ် ။
4-Zone သီအိုရီ
4-zone ဆိုတာက ကျွန်တော်တို့ သီချင်းတွေထဲမှာ ဘယ် Instrument
တွေထဲက တစ်ခုနဲ့ တစ်ခု ငြိနေသလဲ ပြိုင်နေသလဲ ဆိုတာလေး ရယ် ၊ အသံ တွေကို Shaping နဲ့ Sculpting လုပ်ဖို့အတွက် 4 - Zone ဆိုတဲ့ အတိုင်းပဲ အဓိက နယ်ပယ် လေးနေရာကို
မသိမဖြင့် သိရပါမယ် ။
1 Lows :20 Hz - 200 Hz
Bass ,Kick and Snare တွေက ဒီအတွင်းရှိမယ်, ဘယ်ကောင်ကို ဦးစားပေးမလဲ ဆိုတာတော့ သီချင်းပေါ်် မူတည်ပြီး ဆုံးဖြတ်ပေါ့၊
2 Mids : 200 Hz - 1khz
Instrument အများစု ရဲ့ Body
လိူ့ပြောလို့ရတဲ့ နေရာတစ်ခုဖြစ်တယ် အရမ်းသတိထား Boost (or ) Cut လုပ်ရမယ် ကျွန်တော်တို့ကို ဒီနေရာဟာ တော်တော်လေး အာရုံစားစေနိုင်တယ် ကျွန်တော်တို့ရဲ့ Mix ထဲက အထင်ရှားဆုံးဖြ စ်စေချင်တဲ့ Instrument ကိုလဲ ဒီ Range ထဲမှာ အထင်ရှားဆုံး ဖြစ်အောင် လုပ်နိုင်သလိူ
ကျွန်တော့် Mix ကို Muddy လို့ခေါ်တဲ့ နားရှုပ်ထွေးအောင်လဲလုပ်တဲ့ Range တစ်ခု ဆိုလဲ မမှား ပါဘူး၊
3 High Mid : 1khz - 5khz
ကျွန်တော်တို့ရဲ့ ဘယ် Instrument ကို ထားချင်တဲ့ နေရာမှာထားဖို့အတွက် ဒီ Range အတွင်းမှာ လုပ်ဆောင်နိုင်ပါတယ်
ကျွန်တော်တို့ရဲ့ နားဟာ ဒီ Range အတွင်းကို ပိုမိုခံစားနိုင်တယ်ဗျ 3khz လောက်ကို Cut or Boost လုပ်ကြည့်ပါ
Instrument ဟာ အရှေ့တိူးလာသလိုလို အနောက်ဆုတ်သွားသလိုလိုဖြစ်လာပါလိမ့်မယ် ၊
4 High 5khz - 20 khz
Instrument ရဲ့ High
အသံတွေ လွင်နေတဲ့အသံတွေ တရှပ်ရှပ် တရှဲရှဲ မြည်နေတဲ့ အသံတွေဟာ ဒီ Range ကလာတာပိုများတယ်
အကယ်လို့ကျွန်တော်တို့ရဲ့ Mix မှာ Sibilant honky များဖြ်းနေမယ်ဆိုရင် ဒီ Range အတွင်း ရှာပြီး Cut လုပ်ပါ။
Part ( 3) coming soon
Latest comments