Apr. 28, 2020

ᴬᴹᴱᴷ ᴱQ ²⁰⁰ ᴹᴬˢᵀᴱᴿᴵᴺᴳ ᴱQ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က Plugin Alliance ကနေ ကြေငြာ သွားတာလေး ရှိပါတယ် ။
အဲ့တာကတော့ 1970 / 80s လောက်ထဲကနေ ဒီနေ့တိုင် နာမည်ကြီးနေတဲ့ Parametic Eq Vintage Gear တွေဖြစ်တဲ့ SONTEC နဲ့ GML တို့ ရဲ့ အသံတွေကို recreate လုပ်ထားတဲ့ AMEK Eq 200 Mastering Equlizer ကို May လ 19 ရက်နေ့မှာ ထွက်မယ် ဆိုတာ ပဲဖြစ်ပါတယ် ။
ဒီ Plug-in က AMEK တို့ရဲ့ ပထမဦးဆုံး သော သူတို့ရဲ့ မူရင်းနာမည်နဲ့ ပွဲထွက်လာတဲ့ Plug-in ပဲဖြစ်ပါတယ် ။ အရင် AMEK ရဲ့ 9098 Eq ကို Plug-in အနေနဲ့ ထုတ်ခဲ့ပါတယ် အဲ့တုန်းကတော့ Brainwox bx-2098 ဆိုပြီး ထုတ်ခဲ့တာပါ အခုတော့ သူ့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ပါ ။

Plugin Alliance ကတော့ သူတို့ ရဲ့ Founder ကြီး Dirk Ulrich ရဲ့ Outboard Gear တွေထဲကတစ်ခုဖြစ်တဲ့ GML 8200 Eq ကို inspired လုပ်ထားတာ လို့ပြောထားပါတယ်။
Eq ရဲ့ မျက်နှာပြင်ကို ကြည့်မယ်ဆို (Stereo version) Channel တစ်ဖက်စီကို parametric eq 5 Band စီပါမယ်၊ 15 db ထိ boost or cut လုပ်လို့ရမယ် ၊ Shelving Filter က High နဲ့ Low ကို operate လုပ်လို့ရမယ့်အပြင်ကို GML မှာ မပါထားတဲ့ High pass filter HPF နဲ့ Low Pass filter LPF တို့ကို 12dB/Oct Slope ပါ ထည့်ပေးထားပါသေးတယ် ။

Original Gear တွေရဲ့ လုပ်ဆောင်ချက် အပြင်ကို သူတို့ Plug-in သုံးမှ ဒီ feature ကို ရရမယ့်ဆိုတဲ့ စိတ်ကူးနဲ့ Dirk နဲ့ bx ကသူလူတွေက သူတို့ရဲ့ ကိုယ်ပိုင် feature ကို ထည့်သွင်းပေးလိုက်ပါတယ် အဲ့ဒါကို Auto Listen လို့ ခေါ်ပါတယ် Auto Listen ကို ဖွင့်လိုက်မယ်ဆို
5Band လုံးရဲ့ THD လို့ခေါ်တဲ့ Total Harmonic Distortion ကို ပြောင်းလဲပေးလိုက်ပြီး Analoge အရသာ ကို ရစေရမယ်လို့ ပြောထားပါတယ် ။

ဒီ Plug-in မှာ Stereo နဲ့ Mono ဆိုပြီး နှစ်မျိုးရှိပါတယ် ၊ Stereo Version မှာဆို တစ်ချို့ fearure တွေ ပိုပါလာမယ် M/S (Mid/Side) processing ပါမယ် Phase correlation meter , Balance Meter , Stereo width control ပါပါမယ် နောက်ပြီးတော့ Low Frequency content တွေကို Sums လုပ်ပေးပြီးတော့ bottom end (250 Hz around) punchy bass response လုပ်ပေးမယ့် Mono Maker လဲ ပါပါဦးမယ် ။

စျေးနှုန်းအနေနဲ့ကတော့ သူ့တစ်ခုထဲအတွက် မပြောသွားခဲ့ဘူး Monthly & Yearly MEGA bundel Subscribtion ယူထားတဲ့လူတွေကတော့ May 19 မှာ စသုံးလို့ရပါမယ်

AMEK Eq 200 ကတော့ Mastering Eq တွေထဲက Manley Massive passive , Chandler Limited Curve Bender ( ကျွန်တော့်မှာရှိတယ် ကြုံတုန်းကြွား ) စတဲ့ကောင်တွေလိုပဲ အလားလာရှိ နိုင် ခြေရှိမလားကတော့ May 19 ကျော်မှပဲ ကြားရပါလိ့မ်မယ် ။

#Leo_micro
#Audio_Arr_Luu
#Frequency_Studio