ကျွန်တော်ရေးသော ဆောင်းပါးများ
Clip ဆိုတဲ့ ဝေါဟာရ က Audio Engineering လေ့လာနေတဲ့ သူတွေ / လုပ်ကိုင်နေတဲ့သူတွေ ရင်နှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ ။ Recording , Mixing , Mastering စတဲ့ လုပ်ငန်းတွေမှာ ဆို အသုံးပြုတဲ့ D.A.W , Audio Interface , Pre-amp , Speaker တွေကနေ Red Light လေးပြပြီး အချက်ပေးလေ့ရှိပါတယ်။ အဲ့အချိန်မှာ ဆို ကျွန်တော်တို့ အနေနဲ့ Fader တွေ ဒါမှမဟုတ် Knobs တွေ လျော့ချပြီး Clip မဖြစ်အောင် ချိန်ကြလေ့ရှိပါတယ် ။
Speaker တွေမှာ Clipping ဖြစ်ရင် သိထားရမှာက Clipping အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ maximum limit ထက် ကျော်ပြီး အလုပ်လုပ်နေရတဲ့ အတွက် overheating ဖြစ်ပြီး Speaker ကို Damage ဖြစ်စေနိုင်ပါတယ် ။ ဒါပေမယ့် 80’s လောက်က စပြီး Speaker တွေ ထဲမှာ Soft-Clip Circuit တွေကို ထည့်သွင်းအသုံးပြုလာကြပါပြီ Speaker ရဲ့ input level မှာ သူ့ရဲ့ သတ်မှတ်ထားတဲ့ maximum level ထက် 10db ကျော်လာတဲ့ signal တွေကို soft-clip Circut တွေက Limiter သဘောမျိုး အလုပ်လုပ်ပြီး လျော့ချပေးတယ်လို့ Lound Speaker စာအုပ်မှာ ကျွန်တော်ဖတ်ဖူးပါတယ် ။
Clip ဘယ်လိုဖြစ်လာသလဲ?
Technical terms တွေကို အတက်နိုင်ဆုံးရှောင်ပြီး လေ့လာနေသူတွေအတွက် အရိုးရှင်းဆုံးကြိုးစား ရေးပေးပါမယ် ။
Amplifier ဒါမှမဟုတ် Speaker တွေဟာ သူတို့အလုပ်လုပ်နိုင်တဲ့ maxiamum limit volated ထက်ကျော်တဲ့ Overdriven signal တွေကို Output ထုတ်ပေးရတဲ့အခါ waveform တွေ distortion ဖြစ်ခြင်းကို Clip ဖြစ်ခြင်းလို့ မှတ်ယူနိုင်ပါတယ်။
နောက်ပြီး D.A.W ပေါ်မှာ မြင်ရတဲ့ digital clipping တွေမှာလဲ 0dbFS ထက်ကျော်လွန်သွားတဲ့အခါ မှာ မြင်ဖူးကြမယ်ထင်ပါတယ် waveform တွေကို လေးထောင့် ပုံသဏ္ဌာန် အပေါ်အောက် flat အဖြစ်နဲ့ ဖျက်ချခံလိုက်ရတာကို သိကြမယ်ထင်ပါတယ် ။
ဒါဆို Clipping ကမကောင်းတာလား?
အဲ့လိုတော့ လုံးဝဥဿုံ မဟုတ်ပါဘူးသူ့နေရာနဲ့သူ အသုံးပြုလို့ရပါတယ် ။ ဒီနေရာမှာနဲနဲလေး လေကြောရှည် အဲ ပေရှည်မယ်နော် နဲနဲပဲ 😉
တစ်ရက်ကြတော့ The Peacists က Vocalist အောင်ချမ်းမင်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ် သူတို့ Producer က ကျွန်တော်နဲ့ စကားပြောချင်လို့တဲ့ အဲ့အချိန်က သူတို့ရဲ့ ကြယ်ကမ္ဘာခရီးစဥ် ထွက်ပြီး မကြာသေးဘူးပေါ့ ဒါနဲ့ ကျွန်တော်တို့ တွေ့ဖြစ်ကြတယ်ပေါ့ အဲ့မှာ သူတို့က ကိုကျားပေါက်နဲ့ အတူတွဲလုပ်မယ့် ရေဘဝဲရဲ့အိပ်မက် သီချင်းကို ကျွန်တေ့်ာကို တီးပြ တယ် ကျွန်တော်နဲ့ တိုင်ပင်ကြတယ်ပေါ့ ကျွန်တော်က လဲ အရှေ့တွေမှာ သူတို့နဲ့ အချိန်တော်တော်ကြာ အတူတွဲလုပ်ခဲ့တော့ Player တစ်ယောက်ချင်းစီ အကြိုက်ကို (တကယ့်ငစားတွေဗျ) သိတယ်လေ အဲ့တော့ Guitar Colour လေးတွေ အစငါတို့ Dotted 8thနဲ့ ဘယ်လိုဖမ်းမယ် ဘာညာ တစ်ထိုင်ထဲ ကျွန်တော် လုပ်ချင်တဲ့ ပုံစံကိုပြော ပြပြီး ပြန်လာခဲ့တယ် နောက်မကြာဘူး ကျွန်တော့် Frequency Studio မှာ ကျွန်တော် ကိုယ်တိုင် အသံဖမ်းပေးရတာပေါ့ ကိုကျားပေါက်ရဲ့ လိုင်းတွေက လွဲပြီး ကျန်တာ ကျွန်တော်ပဲ ဖမ်းပေးရတာပေါ့ ဖမ်းနေရင်းနဲ့ ကျွန်တော် idea တစ်ခုရလာတယ် အဲ့ဒါက ဘာလဲဆိုတော့ သီချင်းက Verse တွေ Cho တွေ မရှိပဲ တစ်တန်းထဲပြေးနေတဲ့အတွက် Vocal ကို အချို့နေရာလေးတွေကို Distort by Overload သုံးချင်တယ် လို့ အောင်ချမ်းမင်း ကိုတိုင်ပင်ကြည့်တယ် The Peacists တို့ ဆိုတာ ဘောင်တွေမထားတဲ့ဘဲတွေဆိုတော့ နှစ်ခါမပြောရဘူး အဲ့လိုနဲ့ သီချင်းရဲ့ တတိယအပိုဒ် (01:35-01:54) မှာ Preamp က Gain တွေ အကုန် push ပြီး Interface မှာ pad ခံပြီး ဖမ်းခဲ့ဖူးတယ် ဒါကတော့ Clip တွေကို Distort by Overload နဲ့ သုံးလို့ရတယ်ဆိုတာလဲ ပြောပြတာပါ
နောက်ထက် Mastering တွေမှာ များသောအားဖြင့် Clipping Distortion တွေကို ရှောင်ကျဥ်ကြပေမယ့် Imagine Dragons တို့ရဲ့ Radioactive မှာဆို Clipping Distortion (ဒါမှမဟုတ်) Digital Clipping ကို တောက်လျှောက်မဟုတ်ပဲ အပိုဒ်နှစ်ပိုဒ်မှာ ခွဲသုံးသွားတာ သိသိသာသာကို တွေ့ရတယ်ဗျ ဒါက Mastering မကောင်းလို့ Clean မဖြစ်လို့ မဟုတ်ပဲ Effective ဖြစ်အောင် သုံးသွားတယ် ဆိုတာငြင်းမရပါဘူး အဲ့သီချင်းက Grammy Award နှစ်ခု တောင်ရခဲ့တာက သက်သေပြနေပါတယ် ( ဒီမှာကြည့်ပါ )
Clapping Distortionတွေဟာ အခုနောက်ပိုင်း Electionic Music တွေ ၊ Aggressive ဆန်တဲ့ Music Type တွေ မှာ သုံးလာကြပြီး Clean ဖြစ်တဲ့ ကောင်တွေ ၊ Acoustic တွေ မှာ တော့ လုံးဝ မသုံးကြတာတွေ့ရပါတယ် ။
အချုပ်ပြောရရင် Clipping Distortion တွေ Distort by Overload တွေဟာ လုံးဝ မကောင်းတဲ့ဟာ ကြီး ရှောင်ကို ရှောင်ရမယ့် ဟာလို့ တွေးစရာမလိုကြောင်း Effective ဖြစ်အောင်သုံးလို့ရကြောင်း လေ့လာနေတဲ့ ညီကိုတွေအတွက် infomation ပေးရင်းနဲ့
ဒီနေ့တော့ ဒီလောက်ပါပဲဗျာ……….
ကြိုက်နှစ်သက်ရင် ညီကိုတို့ရဲ့ Facebook မှာ website လေးကို Share ပေးခြင်း ဒါမှမဟုတ် ဘော်ဒါတွေကို လက်တိုပေးပါဦးလို့ အကူညီတောင်းပါရစေဗျာ
လာမယ့် ( Friday ) မှာ FG -2A နဲ့ Custom OPTO ဆိုပြီး Slate မှာ အသစ်နှစ်ခု ထက်တိုးပါမယ်
FG-2A ကတော့ LA-2A ကို emulate လုပ်ထား ဆိုပေမယ့်
နောက်ထက် Optical ထဲကက Custom Opto ကတော့ CL1B emulate လုပ်ထားတာ မဟုတ်ဘူး ။
CL1B ဆိုတာက တနည်းအားဖြင့် L-2A ကို Modify ( Moded )လုပ်ထားတဲ့ ဟာလို့ပြောလို့မမှားဘူး
ပေါ့ အခု သူ့မှာ (Custom Opto ) CL1B ထက် Option တွေ ထက်ပါလာပြီး classic opto circuit တွေပဲ အသုံးပြုထားပေမယ့် CL1B ထက် result ပိုကောင်းကြောင်းတော့ ဆရာကြီ Steven က (လေတိုက်)ပြောထားပါတယ် 😁😁
# Custom Opto က နောက်ကြနိုင်တယ် ( Maybe)
# FG-2A ကတော့ Beta Version ကို Pro တွေကိုပေးစမ်းထားပြီးပြီလို့လဲပြောထားပါတယ်
အခု တစ်လကို Slate ရဲ့ all access pass 9.99 USD နဲ့ တစ်သောင်းခွဲပဲ ရှိပါတယ် ( အတိအကျကို သူတို့ website မှာ ဖတ်ပါ ကျန်လတွေမှာ စျေးနှုန်းမတူပါ)
ကျွန်တော့် အမြင်က ဘယ်လိုရှိလဲ ?
ကျွန်တော့် အမြင်က ဘယ်လိုရှိလဲ မေးလာရင် Mixing အတွက်ဆို Slate ရဲ့ Stuff ဟာ ပြီးပြည့်စုံတယ် ဆိုတာ ငြင်းမရဘူးဗျ ဒါပေမယ့် Mastering အတွက်ဆိုရင်တော့ တကယ့် Mastering Legend Gear တွေကို emulate ထားတာတွေက PA ( Plugin Alliance ) ဘက်မှာရောက်နေတယ် ဥပမာ Elysia , Shadowhill , BAX , Maag Audio , SPL တကယ့်ဒိတ်ဒိတ်ကျဲတွေ အကုန် PA မှာ ရှိနေပြန်တယ် ဈေးကတော့ PA ရဲ့ Mix & Master ဈေးက 19.99 $ သုံးသောင်း လောက်ရှိမယ် ။
ယူသင့်မယူသင့် ?
ယူမလားမယူဘူးလားကတော့ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်ပါ ဒီနေရာမှာ ကျွန်တော့် အတွေ့ကြုံလေးနဲနဲ ပြောပြမယ်။ ကျွန်တော်ဆို Slate နဲ့ T-Rack ကို မသုံးခဲ့တာ နှစ်နဲ့ချီနေပါပြီ Wave တောင် လိုတာလေးတွေပဲ သွင်းထားတယ် ၊ စကားပြန်ဆက်ရရင် Slate က အချို့ Stuff တွေက တကယ်ကို ကောင်းလွန်းတယ် တခါတလေ အဲ့တစ်ခု နှစ်ခု အတွက် Slate ကို ပြန် လိုချင်ပေမယ့်
Mastering အတွက်ပြန်စဥ်းစားရင်တော့ သူ့မှာ ပါတာနဲ့လဲ ဖြစ်တယ်ဆိုပေမယ့် သိတယ်မဟုတ်လား ကျွန်တော်ပြောချင်တာ တကယ် Shinning ဖြစ်စေလောက်တဲ့ကောင် လုံးဝကြီး ခင်ဗျားရဲ့ Master ကို Colourful ဖြစ်စေချင်တာဆိုရင် မလုံလောက်ဘူး လို့ ကျွန်တော့် အမြင်လေးကို Sharing လုပ်ရင်း Slate Service ကို ယူဖို့ Bro အတွက်လဲ တစ်စုံတစ်ရာ အထောက်ကူဖြစ်မယ်လို့မျှော်လင့်ရင်းဒီနေ့တော့ ဒီလောက်ပါပဲဗျာ
Features
Soft knee compressor/limiter.
Upward and downward compressor based on CompExp.
Upward compression with soft knee.
Threshold and ratio controls for each compressor.
Attack and release controls.
Variable saturation to cut small peaks and add character.
Gain adjustment graphical display.
Internal automatic oversampling.
Mac OS X (>=10.7) and Windows support.
64-bit compatibility both on Mac and Windows.
Audio Units VST2.4, VST3 and AAX format.
https://youtu.be/WC1JPNB-3Mo
Compressor ဆိုတာတော့ အသံတစ်ခုရဲ့အတိုးဆုံးအပိုင်းနဲ့ အကျယ်ဆုံးအပိုင်း တွေဖြစ်တဲ့ Dynamic Range တွေကို လိုတိုးပိုလျော့ လုပ်ပေးရတဲ့ Tools တစ်ခုဆိုတာ သိပြီးသားဖြစ်ကြမှာ ပါ Vari-Mu , J-FET , Optical , VCA စတဲ့ မတူညီတဲ့ Type တွေ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့မတူညီတဲ့ အရသာတွေကို idea နဲ့ လေ့လာဆည်းပူးမှု၊ အတွေ့ကြုံ စတာတွေနဲ့ အသုံးပြုရပါသေးတယ် ဟိုလူသုံးလို့ ကောင်းမှာပဲဆိုတာမျိုးကတော့ Compressor မှာမှမဟုတ်ပါဘူး Audioလောက မှာရှိကို မရှိတာပါ Personal သဘောအရ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ့တာတွေမတူကျပါဘူး အကြိုက်တွေ့တာခြင်းတူရင်တောင် အသုံးပြုပုံ မတူပြန်ပါဘူး အခုတော့ ကျွန်တော်ရဲ့ Personal အသုံးပြု ပုံနဲ့ အသုံးများတဲ့ Compressor 10 မျိုး ကိုရေးပေးလိုက်ပါတယ်
1 CL1B
CL1B tube compressor ကတော့ Optical အမျိုးအစားထဲက တစ်ခုပါပဲ ကျွန်တော်က တော့ သူ့ကို Vocal Track မျာ အဓိက ထားသုံးလေ့ရှိပါတယ် တခါတလေ Piano ပေါ်မှာလဲ သုံးလေ့ရှိပါတယ်
လက်ရှိတော့ Softube ကထုတ် UAD DSP Plugins CL1B က သုံးနေပါတယ်
2 La-2a
LA-2A ဟာဆိုရင်လဲ optical အမျိုးအစားတွေထဲ က တစ်ခုဖြစ်ပြီး သူ့ကို တော့ Pop vocal အမျိုးစားတွေမှာ အဓိက ထားသုံးပါတယ် UAD က LA-2A Legacy နဲ့ Wave က 2A ကို သုံးပါတယ်
3 1176
FET type အမျိုးစား ဖြစ်တဲ့ 1176 ကိုတော့ Warm ကထုတ်တဲ့ Hardware 1176 ကို လက်ရှိမှာတော့ သုံးနေပါတယ် Aggressive လား Smooth လား လိုချင်တာ ရတဲ့ ဒီကောင်ကိုတော့ Kick , Snare , Guitar , Bass နဲ့တခါတလေ Vocal လိုင်းတွေမှာ သုံးပါသေးတယ်
4 Drawmer S73
Multi-Band compressor တစ်ခုဖြစ်တဲ့ Drawmer S73
ကိုတော့ Bass တွေ Drum OH တွေ နဲ့ Mixbus တွေ မှာ သုံးလေ့ရှိပြီး သူ့ရဲ့ Style တွေထဲက Clarity type နှစ်ခုနဲ့ Punch ကတော့ ကျွန်တော် အကြိုက်ဆုံး Style တွေပါပဲ
5 dbx 160
VCA အမျိုးစားတဲ့ တစ်ခုဖြစ်တဲ့ dbx 160 ကိုတော့
Drum လိုင်းတွေ Punch ဖြစ်စေချင်တဲ့အခါမျိုး Paino အသံတွေ ရှေ့တွန်းပို့ချင်တဲ့အခါမျိုးမှာ တော့
သူဟာဆရာတစ်ပါးပါပဲ
6 Distressor
Distressor က တော့ 1176 , LA-2A , 3A နဲ့ တခြား Modren တွေ ကို တစ်ခုထဲနဲ့ရနိုင်တဲ့ Compressor တစ်ခုပါ Drume Bus တွေ Drum Room တွေမှာ တော့ သူမှ သူပါပဲ လက်ရှ်တော့ UAD ကဟာကို သုံးနေပါတယ်
7 Farchild 660/670
သူကတော့ Music type အမျိုးအစားမရွေးအသုံးပြုလို့ရတဲ့ compressor တစ်ခုဖြစ်ပြီး ကျွန်တော်ကတော့ Bus တွေ မှာ သုံးလေ့ရှိပါတယ် Glue , Warmth ဖြစ်စေပါတယ်
8 SPL Iron
Iron Model 1520 Mastering Compressor ကတော့ Tube-based type Stereo comp/Limiter တစ်ခုကို Plugins Alliance ကထုတ်တဲ့ SPL Iron ကို သုံးနေပါတယ် သူ့ကို တော့ Mix bus တွေနဲ့ Mastering Process တွေမှာ အဓိကထားသုံးပါတယ်
9 Hornet Dynamic Control
Italy အသေးစား Plugins ထုတ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Hornet ကထုတ်တဲ့Dyn Control ကိုတော့ Upward compressor အနေနဲ့ အသုံးပြုရတာ အရမ်းကြိုက်သလို ကျွန်တော် Live လွှင့်တဲ့အခါ Mic အဝင် Line မှာလဲ Broadcast Compressor အနေနဲ့ပါသုံးလေ့ရှိပါတယ်
10. The Glue
SSL E -Series က Bus ကို အခြေခံထားတဲ့ The Glue ကိုတော့ Bus လိုင်းတွေမှာ အသုံးများပါတယ်
Audio Signal အတွက် tonal colorration နဲ စေတာရယ် (transparent )နာမည်အတိုင်း Glue ဖြစ်တာရယ်ကြောင့်ကို အကြိုက်တွေ့စေပါတယ်
ဒီ Article လေးစရေးတော့ ၁၀ မျိုးပဲဆိုပေမယ့် နောက်ထက် ကျွန်တော့် အရမ်းကြိုက်တဲ့ Comprseeor ၂ မျိုးကျန်ပါသေးတယ်ဗျ
Manely Vari-mu နဲ့ Shadow Hill တို့ ပါ UAD က Plugins ကိုပဲ သုံးဖြစ်နေပါတယ် ။
Latest comments